ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၈)ဦးလွတ်ငြိမ်းသက်သာခွင့်ရရှိ

သထုံ   မတ်    ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယ နှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အရ မွန်ပြည်နယ် သထုံအကျဉ်းထောင်မှ အကျဥ်းသား(၉၈)ဦးတို့အား မတ်လ ၂ ရက် နံနက်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းခွင့်ရရှိသူများကို ဈေးမသွယ်ကျေးရွာရှိ သထုံအကျဉ်းထောင်ခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမင်းတင်နွယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သက်လွင်၊ အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်စန်းမောင်နှင့် တာဝန်ရှိသူက မိမိတို့ရပ်ရွာအကျိုးကို အများနည်းတူပူးပေါင်းဆောင်ရွက်ပြီး အေးချမ်းစွာဆက်လက်နေထိုင်ကြရေး ဆုံးမစကားများပြောကြားခဲ့ပြီး ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ ခံဝန်လတ်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်နှင့် စားစရိတ်တို့ကိုထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးကူညီဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)