မြောက်ဥက္ကလာပမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ (၂၆၅၆) ဦး ဝင်ရောက်ဖြေဆိုမည်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာန ၄ ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အင်္ဂလိပ်စာ (Basic Grammer) သင်တန်း အခမဲ့ဆက်လက်ဖွင့်လှစ်

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ Basic Grammer အင်္ဂလိပ်စာအခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းအချိန်က ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ နွေရာသီအခြေခံပန်းချီဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီဆွဲနည်း သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန် အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော်တွင် (၃၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ (၃၂) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့က အဆိုပါစေတီတော်အနောက်ဘက် မုခ်တန်ဆောင်း၌ ကျင်းပသည်။

ရန်ကင်းမြို့နယ် လူ‌နေရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် တရားရွတ်ဖတ်ပူဇော်ခြင်းများ လိုက်လံဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူ‌နေရပ်ကွက်များတွင် ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီခွဲအချိန်မှ ၄ နာရီမိနစ် ၂၀ အထိ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်းမှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းသား ၃၈ဦး လွတ်ငြိမ်းခွင့်ရရှိ

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်၊ ကင်းသာအကျဉ်းဦးစီးဌာန၊ ကင်းသာ(၁)ကုန်ထုတ်စခန်း အစည်းအဝေးခန်းမ၌ (တပေါင်းလပြည့် အခါသမယနှင့်တောင်သူလယ်သမားနေ့) အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်၊ ၆/၂၀၂၆၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ထပ်မံ၍ ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် မတ် ၂ရက်တွင်ကင်းသာ(၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ(၂)ကုန်ထုတ်စခန်းတို့မှ စုစုပေါင်း ၃၈ဦးလွတ်ငြိမ်းခွင့်ရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၆ ခုနှစ်  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီမြှင့်ပွဲ အပ်နှင်းမဟာမင်္ဂလာ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲနှင့်(၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက  စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း၊ တောင်သူလယ်သမားနေ့အခမ်းအနားနှင့် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နေ့လယ်တွင် လွိုင်ကော်မြို့ သာသနာ့ဗိမာန်တော်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
Subscribe to