ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ နှင့်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ‌ဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်ကာ  စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဇူလိုင်လ ၈ ရက်နေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မဟာမကုဋရံသီဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် အမှတ် (၂၆) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်ရေးနှင့် ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မက်မန်းမြို့ ပညာဒီပကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ 

ရှမ်းပြည်နယ်“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကျောင်းတိုက်အသီးသီး၌ သီတင်းသုံးနေထိုင်မူနေသော င်္သဃာတော်အရှင်သူမြတ်တို့အား မြတ်သောဒါနဖြစ်သည့် (၃၆)ကြိမ်မြောက် မြို့နယ်လုံးကျွတ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ ပညာဒီပကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တနိုင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ မိုင်းခွန်ကျေးရွာ အုပ်စုအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ခြင်းကို ဇူလိုင်လ ၇ ရက်နေ့က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)တွင် ပုသိမ်မြို့၏ ကျက်သရေဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့်စည်ကားများပြား

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့်နှင့်အညီ ယမန်ညပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးတွင် ဥပုသ်သီလခံယူဆောက်တည်သူများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မိုးစပါး ၁၂၀၈၈၉ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အတွက် မိုးစပါးစိုက်ဧက (၁၂၀၈၈၉) ဧကကို စိုက်ပျိုးသွားနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားချက်ထားရှိပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးသွားနိုင်စေရေးအတွက် တောင်သူများအား ပညာပေးစည်းရုံးခြင်း၊ မိုးစပါးအထွက်တိုးနိုင်စေမည့် စိုက်ပျိုးရေးနည်းစနစ်များကို လက်တွေ့ပါဝင်ကူညီ စိုက်ပျိုးပြသပေးခြင်းလုပ်ငန်းများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဲ ‌ဒေါ်နန်းဝတ်ရည်စမ်းနှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ မူလတန်းကျောင်းသား၊‌ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများဖြစ်ပွားမှုမှကင်းဝေးစေရန်  After Lunch tooth brushing activity  အပတ်စဉ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိူ့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ မူလတန်း အရွယ် ကျောင်းသား၊ ကျောင်းသူများတွင် သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန် ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်းတို့၌ ဆောင် ရွက်ကြကြောင်း သိရသည်။

မိုးညှင်းမြို့၌ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်ဘဏ်ခွဲမှ ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၁၀)နာရီက ရွာသစ်ကြီးကျေးရွာအုပ်စုမှ တောင်သူ (၁၂၉)ဦး ဧက(၈၅၂) ဧကအတွက် ချေးငွေကျပ် (၁၂၇၈)သိန်းအား အဆိုပါဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
Subscribe to