မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင်ကျေးရွာသွားလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်း‌ဒေသကြီးရန်ပုံငွေဖြင့် မိတ္ထီလာ-သာစည်လမ်းမှ စက်ပစ်တောင် ကျေးရွာသွားလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ဘုတ်ပြင်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသားကျောင်းသူ ( ၂၄၁ ) ဦး ဝင်ရောက်ဖြေဆိုမည်

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  ၂၀၂၆ ခုနှစ် ၊ မတ်လ(၁၁)ရက်နေ့ တွင်ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ အထက-ဘုတ်ပြင်းစာစစ်ဌာနတွင်  ကျောင်းသား ကျောင်းသူများဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။

လိပ်သိုမြို့၌ အသိပညာပေး နံရံကပ်စာစောင်ပြသ

ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်ကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့ ကျက်သရေဆောင် တိလောကမာရဇိန် လျောင်းတော်မူဘုရားကြီး ဌာပနာပိတ်ပွဲနှင့် (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ပိတ်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျက်သရေဆောင် တိလောကမာရဇိန် လျောင်းတော်မူဘုရားကြီး ဌာပနာပိတ်ပွဲနှင့် (၂၆)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပိတ်ပွဲကို မတ်လ ၂ ရက် နံနက် ၈ နာရီခွဲက   မြို့ဦးသံသရာအေးစေတီတော်၊ မြန်မာအေးဓမ္မာရုံ၌ ကျင်းပသည်။

မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းစက်ရုံ၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲ

ရန်ကုန်တိုင်း​ဒေသကြီး၊​ ဗိုလ်တထောင်ခရိုင်၊​ ပုဇွန်တောင်မြို့နယ် အမှတ် (၃) ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ မြန်မာ့မီးရထား၊ စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာန၊ စက်ခေါင်းစက်ရုံ၌ ယ​နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြပွဲ ပြုလုပ်ခဲ့သည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှိ လေ့လာဖွယ်ရာ ဗောဓိပင်ရင်း၌ ဘုရားပွင့်တော်မူခန်းရုပ်ကြွဆင်းတုတော်အား လေ့လာနိုင်

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကြီးတွင် ပြခန်း(၁၀)ခန်း အနက် အထူးပင်မပြခန်းရှိ ဗုဒ္ဓဝင်ရှစ်ခန်းတွင် သဲကျောက်သားဖြင့် ထုဆစ်ပုံဖော်ထားသော ဗောဓိပင်ရင်း၌ ဘုရားပွင့်တော်မူခန်းရုပ်ကြွကို လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ တာဝန်ရှိသူများထံကသိရသည်။

သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး၏ (၆၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့ တပေါင်းလပြည့်နေ့ နံနက် ၅ နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးအကျဉ်းထောင်မှအကျဉ်းသား/အကျဉ်းသူ (၇၁) ဦး လွတ်ငြိမ်းခွင့်ရရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦး အကျဉ်းထောင်အတွင်းရှိ အကျဉ်းသား/အကျဉ်းသူများအနက် အမျိုးသားကာကယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား/အကျဉ်းသူ (၇၁) ဦးအား လွတ်ပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီခွဲက ညောင်ဦး အကျဉ်းထောင် အလုပ်ရုံခန်းမတွင် ပြုလုပ်သည်။

ကလိန်အောင်မြို့တွင်ရှင်ကိုးရှင်သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၌ တပေါင်းလပြည့်နေ့တွင် ငွေဆွမ်းလောင်းလှူ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ အထင်ကရဖြစ်သည့် ရှင်ကိုးရှင်ဘုရားတွင် အပါအဝင်ဖြစ်သည့် ကလိန်အောင်မြို့ သမိုင်းဝင်ဆုတောင်းပြည့်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲ‌တော်နှင့် ငွေဆွမ်းလောင်းလှူပူဇော်ပွဲကို မတ် ၂ ရက် နံနက် ၉ နာရီခွဲက အဆိုပါဘုရားရင်ပြင်တောင်ပေါ်၌ ကျင်းပသည်။

တပေါင်းလပြည့်နေ့ သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားပွဲ‌တော် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာတွင် မတ် ၂ ရက် တပေါင်းလပြည့်နေ့ သမိုင်းဝင် သစ္စာအဓိဋ္ဌာန် ရွှေစာရံဘုရားပွဲ‌တော်ကြီး၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားကြောင်း သိရသည်။
Subscribe to