ဓနုဖြူ မတ် ၂
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံဓမ္မဝိနယစာမေးပွဲကြီး (၅၂)ကြိမ်မြောက်စာအောင်သံဃာတော်များအားဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို မတ် ၂ရက် နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်၊ ခင်မကန်ကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သြဝါဒါစရိယ စျေးဦးကျောင်းတိုက်ဆရာတော်ဦးသုမနထံမှငါးပါးသီလခံယူပြီး သြဝါဒကထာနာယူဆောက်တည်သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်းက သာသနာရေးဆိုင်ရာများလျောက်ထားခဲ့ပြီး ဓမ္မဝိနယ(၅၂)ကြိမ်မြောက်ပူဇော်ပွဲနှင့်စပ်လျဥ်း၍ မြို့နယ်ဓမ္မဝိနယအမှုဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌ ဦးချစ်တိုးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားသည်။ အဆိုပါဓမ္မဝိနယစာမေးပွဲကြီးတွင် ပထမကြီးတန်းအောင်(၃)ပါး၊ ပထမလတ်တန်းအောင်(၁၃)ပါး၊ ပထမငယ်တန်းအောင်(၁၇)ပါး၊ အခြေပြုမူလတန်း အောင်(၁၆)ပါးနှင့် သာမဏေမူလတန်းအောင်(၄၈)ပါး စုစုပေါင်း(၉၇)ပါးတို့ကို ပင့်ဆောင်ပူဇော်ကာ အောင်လက်မှတ်နှင့်တကွ စာအောင်ဆုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာယူခဲ့ကြကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)