ကသာမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသူ(၂၇)ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

ကသာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကသာမြို့အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသူများအနက် အကျဉ်းသား/အကျဉ်းသူ(၂၇)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည်။

အဆိုပါအကျဉ်းထောင်ရှိ ဧရာရန်အောင်ဧည့်ရိပ်သာခန်းမ၌  အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်(၈/၂၀၂၆)ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ လွတ်ငြိမ်းခွင့်ရရှိသူများအား ယနေ့မွန်းတည့် (၁၂)နာရီက အမှတ်(၃၁၁)နည်းဗျူဟာမှူး ဗိုလ်မှူးကြီး နေအောင်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး‌ အောင်လှိုင်မြင့်တို့က ဆုံးမဩဝါဒစကားများ ပြောကြားသည်။ ယင်းနောက် ကသာအကျဉ်းထောင်တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းနိုင်က လွတ်ငြိမ်းသက်သာခွင့်ရရှိသူများအား လွတ်ငြိမ်းချမ်းသာခွင့်ကတ်ပြားနှင့် ခရီးစရိတ်ထောက်ပံ့ငွေများကို ပေးအပ်သည်။

ကသာအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အမျိုးသား ၂၀၊ အမျိုးသမီး (၇)ဦး စုစု‌ပေါင်း  ၂၇ ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

ကျော်စွာ(ကသာ)