တပ်ကုန်းမြို့နယ် ကင်းသာကုန်ထုတ်စခန်းမှ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် အကျဉ်းသား ၃၈ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

တပ်ကုန်း မတ် ၂

ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ်၊ ကင်းသာအကျဉ်းဦးစီးဌာန၊ ကင်းသာ(၁)ကုန်ထုတ်စခန်း အစည်းအဝေးခန်းမ၌ (တပေါင်းလပြည့် အခါသမယနှင့်တောင်သူလယ်သမားနေ့)အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်အမှတ်၊ ၆/၂၀၂၆၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ထပ်မံ၍ ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် မတ် ၂ရက်တွင် ကင်းသာ(၁) ကုန်ထုတ်စခန်းနှင့် ကင်းသာ(၂)ကုန်ထုတ်စခန်းတို့မှ စုစုပေါင်း ၃၈ဦးလွတ်ငြိမ်းခွင့်ရရှိသည်။

ထိုလွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် ၃၈ ဦးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊  ဒုရဲမှူး တက်ထွန်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ရန်နိုင်ထွန်းတို့က ဆုံးမသြဝါဒစကားများ ပြောကြားခဲ့ပြီးနောက် ကင်းသာ(၁)ကုန်ထုတ်စခန်းတာဝန်ခံနှင့် ကင်းသာ(၂)ကုန်ထုတ်စခန်းတာဝန်ခံတို့က လွတ်ငြိမ်းခွင့်ရအကျဉ်းသားများအား ခံဝန်လက်မှတ်၊ ခရီးစရိတ်၊ စားစရိတ်နှင့် လုပ်အားရှင်ခံစားခွင့်များထုတ်ပေးခဲ့ပြီး လွတ်ငြိမ်းခွင့်ရအကျဉ်းသား ၃၈ ဦးအား ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁(၁)၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက် လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်းနှင့် အဆိုပါ လွှတ်ပေးခဲ့သူများတွင် နိုင်ငံခြားသားနှင့် နိုင်ငံရေး ပြစ်မှုဖြင့် ပြစ်ဒဏ်ကျခံနေသူများ ပါရှိမှုမရှိကြောင်း သိရသည်။

တင်စိုးလွင်