စလင်းမြို့နယ်တွင်၂၀၂၆ခုနှစ်နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီမှ ကြီးမှူး၍ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် နွေရာသီသင်တန်းများဖွင့်ပွဲအခမ်းအနားကို မတ်လ (၃) ရက်နေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံ လေလုံ အားကစားခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်အောင် မြို့မနေခြည်ဈေး မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့် 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့မနေခြည်ဈေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ညနေ ၃ နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အောင်မြင်စွာ ကျင်းပပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင်မဟာမကုဋရံသီ ဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ (တပေါင်းလဆန်း (၁) ရက်နေ့) တွင် ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများဖြင့် စည်ကားများပြား၍ နေ့စဉ်ဘုရားဖူးဧည့်သည် (၇၀၀၀) ကျော်လာရောက်ဖူးမျှော်ကြကာ အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးဧည့်သည်များ ပိုမိုများပြားစွာ လာရောက် ဖူးမြော်ကြကြောင်းနှင့် ယခင်နှစ်များက ထက်ပိုမိုစည်ကားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေး အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာမှ ဖွင့်လှစ်သည့် တိုင်းဒေသကြီး နွေရာသီအခြေခံအားကစားသင်တန်းနှင့် လူငယ်ဖွံ့ဖြိုးရေးအခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစား ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/ သင်တန်းသူ လူငယ်မောင်/မယ်များ တက်ရောက်ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ သာယာဝတီခရိုင် စိုက်ပျိုးရေး မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်း   မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းက လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ ဦးထက်ဝေခိုင်၏ ဝက်မွေးမြူရေးခြံသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးခဲ့သည်။

ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်သူ့စစ်မှုထမ်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲကို ယနေ့တွင် အမှတ်(၁၁) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်စိုးနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရပ်စောက်၌ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၀) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက် ၈ နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၀) ကတိသစ္စာခံယူပွဲနှင့် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ရာ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့် တပ်နယ်မှအရာရှိများ၊ ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးဌေးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၉၀)ဦးအား သင်တန်းဆင်း မိန့်ခွန်းပြောကြားခဲ့သည်။

မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌များ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်‌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ ကျန်းမာရေးနှင့်အညီ နေထိုင်နိုင်ရေးနှင့်ခြင်အန္တရာယ်နှင့်ပတ်သက်သောရောဂါများမှ ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေး‌ဟောပြောခြင်းနှင့် ဆေးစိမ်ခြင်ထောင်‌‌များပေးအပ်ခဲ့ခြင်းကို မတ် ၃ ရက် နံနက် ၁၀နာရီက ရှမ်းပွဲရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံမှာကြား

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြီးကြပ်ရေးမှူးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆)အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းကကျင်းပရာ  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင် တက်ရောက်သည်။
Subscribe to