ဘုတ်ပြင်းမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့်ကိုယ်ဝန် ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို နွေရာသီအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီကထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် အခြေခံအင်္ဂလိပ်စာ(အခမဲ့)သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား၊ ကျောင်းသူများနွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟိုသုတတိုးပွားရေး၊  အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး ယနေ့ နံနက် ၈ နာရီက အခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် မြို့နယ်အတွင်းလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ စဉ့်ကူးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာနှင့်ဝန်ထမ်းများက ဆောလျင်စွာ ပြုပြင်ဆောင်ရွက်လျက်ရှိသည်။

ညောင်ဦးမြို့နယ်၌ နွေစပါးသီးနှံ စိုက်ပျိုးတောင်သူများကို စပါး(ဆင်းသုခမျိုး)များ အခမဲ့ ပံ့ပိုးပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ နွေစပါးသီးနှံ စိုက်ပျိုးတောင်သူများအား စပါးမျိုးစေ့(ဆင်းသုခ)ပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို ညောင်ဦးမြို့၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မတ် ၃ ရက်၊ နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ(မူဆယ်)-တရုတ်နိုင်ငံ(ရွှေလီ) နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲ ကျင်းပ

မြန်မာနိုင်ငံ(မူဆယ်)-တရုတ်နိုင်ငံ(ရွှေလီ) နယ်စပ်ဖြတ်ကျော် မာရသွန်အပြေးပြိုင်ပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် မတ် ၁ ရက်နေ့နံနက် ၆ နာရီခွဲက ရွှေလီမြို့၊ နော်မောဟုပန်းခြံ၌ ပြုလုပ်ကျင်းပပြီး ပြိုင်ပွဲဝင်စုစုပေါင်း (၄၀၀၀)ခန့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်း ငါးမျိုး အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

တာချီလိတ်မြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းများကို အားကစားနည်းကိုးမျိုးဖြင့် မတ်လ ၁ ရက်‌နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ‌မြန်မာ့သိုင်း(အခမဲ့)သင်တန်းဖွင့်လှစ်ပို့ချ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပညာရေး ဌာနနှင့် မြို့နယ်သိုင်းဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော မြန်မာ့သိုင်း(အခမဲ့)သင်တန်းကို ယနေ့နံနက် ၈ နာရီခွဲက စတင်ဖွင့်လှစ်ပို့ချကြောင်းသိရသည်။

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ‌ အခြေခံပန်းချီ(အခမဲ့)သင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းဖွင့်လှစ်သော အခြေခံပန်းချီ(အခမဲ့)သင်တန်းကို ယနေ့နံနက် ၁ဝ နာရီက စတင်ဖွင့်လှစ်ပို့ချကြောင်းသိရသည်။
Subscribe to