ဒလ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟိုသုတတိုးပွားရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဆက်လက်သင်ကြားခဲ့သည်။
ထိုသို့ သင်ကြားရာတွင် အင်္ဂလိပ်စာဆရာ ဦးဘုန်းကြွယ်ဇံက Eight Parts of Speech ဝါစင်္ဂ (၈) မျိုးဖြစ်သည့် Noun (နာမ်)၊ Pronoun (နာမ်စား)၊ Adjective (နာမဝိသေသန၊ Verb (ကြိယာ)၊ Adverb (ကြိယာဝိသေသန)၊ Proposition(ဝိဘတ်)၊ Conjunction (စကားစပ်)၊ Interjection (အာမေဋိတ်) အကြောင်းများနှင့် Tenses (ကာလများ) ဖြစ်သည့် ပစ္စုပ္ပန်ကာလ၊ အတိတ်၊ အနာဂတ်ကာလများအကြောင်းကို စနစ်တကျဆက်လက်သင်ကြားပေးခဲ့သည်။
အဆိုပါအခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၈၀) ဦး တက်ရောက်ခဲ့ပြီး မတ်လ (၂၀) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)