စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

စမ်းချောင်း မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်၌ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ် ၃ ရက်နေ့က ဖွင့်လှစ်ကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ပန်းချီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပန်းချီဆရာ စမ်းချောင်းစမ်းကိုက သင်တန်းတွင်သင်ကြား မည့်အခြေခံပန်းချီပညာရပ်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ စမ်းချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၄၅) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မတ်လ () ရက်နေ့မှ မတ်လ (၂၆) ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)