နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော မင်္ဂလာဒုံမြို့နယ်၊ ပညာတံခွန်ကျောင်းတိုက်ဆရာတော်ကြီးအား ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်

ရန်ကုန် ‌‌‌‌‌‌‌မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ ရတနာလမ်းရှိ ပညာတံခွန်ကျောင်းတိုက်ဆရာတော်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းရာ (၇)ရက်သားသမီး တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ မတ်လ (၃)ရက် နေ့လယ်ပိုင်းက ဂုဏ်ပြုကြိုဆို‌ရေးယာဉ်တန်းဖြင့် ကြိုဆိုခဲ့ကြသည်။

ထိုသို့ကြိုဆိုရာတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော မင်္ဂလာဒုံမြို့နယ်၊ ပညာတံခွန်ကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တတေဇိန္ဒအား ကြိုဆိုရေးယာဉ်တန်းဖြင့် လမ်းတစ်လျှောက် ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဂုဏ်ပြုမော်တော်ယာဉ်များဖြင့် တပည့်ဒါယကာ၊ ဒါယိကာမများလိုက်ပါ၍ ဥက္ကာလမ်း-လေဆိပ်လမ်းအတိုင်း၊ ကြံခင်းစုဘောလုံးကွင်းမှ မြတောင်ညိုရဲရိပ်သာလမ်းအတိုင်း၊ လေဆိပ်ရေစင်လမ်း ထိုမှတစ်ဆင့် ပညာတံခွန်ဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့ကြရာ လမ်းဘေးဝဲယာတစ်လျှောက် ကြည်ညိုပူဇော်သူများဖြင့် စည်းကားခဲ့သည်။

သက်လွင်စိုး (ပြန်/ဆက်)