မိတ္ထီလာ မတ် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၄ ရက် ညနေပိုင်းက အဆိုပါ တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများကို ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော်လင်း၊ စစ်တုရင်ပြိုင်ပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဥပဒေပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသိန်းသိန်းဝင်း နှင့်တာဝန်ရှိသူများက ပေးချီးမြှင့်သည်။
အဆိုပါဘာသာရပ်ပေါင်းစုံအမျိုးသား၊အမျိုးသမီးစစ်တုရင်ပြိုင်ပွဲတွင် မြန်မာစာ၊ ဘူမိဗေဒ၊ ရုက္ခဗေဒ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဥပဒေပညာနှင့် စီးပွားရေးပညာဌာနတို့မှ ကျောင်းသားကျောင်းသူပြိုင်ပွဲဝင် ၂၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲကာလနှစ်ရက်တာ ကျင်းပခဲ့ကြောင်း သိရသည်။
ချမ်းသာ