ညောင်ဦး မတ် ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မတ် ၅ ရက်၊နံနက် ၁၀ နာရီက ကျင်းပသည်။
အခမ်းအနားတွင် စူဠဘွဲ့နှင်းသဘင်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက အမှာစကားပြောကြားပြီး ဆွမ်းဆန်စိမ်းလောင်လှူရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးစံထွေးမောင်က ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။ ထို့နောက် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော်များပင့်ဆောင်နိုင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်ခိုင်၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်၊ ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေးလုပ်ငန်းဆပ်ကော်မတီနှင့် ရန်ပုံငွေရှာဖွေရေးဆပ်ကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က စူဠဘွဲ့နှင်းသဘင်ခန်းနားထည်ဝါစွာကျင်းပနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြရာ စူဠဘွဲ့နှင်းသဘင်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း