ဝမ်းတွင်းမြို့နယ်ရှိ  တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ဝမ်းတွင်း   မတ်  ၅

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တက္ကသိုလ်ဝင်တန်းကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သည်။

 ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနအသီးသီးတွင် မီးလောင်မှုမီးလန့်မှုများမဖြစ်ပေါ်စေရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ တပ်ဖွဲဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးကြိုးနှင့် မိန်းခလုတ်ခုံများ ကောင်းမွန်ခြင်း ရှိ/မရှိ၊ မီးငြှိမ်းသတ်ရန် ရေရရှိနိုင်မှုအခြေအနေများ၊  ကြိုတင်ကာကွယ်ရေးပစ္စည်းများအား စစ်ဆေးခြင်းနှင့်  191 application အသုံးပြုပုံများအား ရှင်းလင်းပြသခြင်း၊ လိုအပ်သည်များကို‌ ပေါင်းစပ်ညှိနှိုင်းအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)