မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌အခြေခံပန်းချီပညာသင်တန်း ဖွင့်လှစ်

မန္တလေး    မတ် ၅

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်သည်။

ဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ပန်းချီသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းချီဆရာများဖြစ်သည့် ဦးစိုးဝင်း(ဆ.သ.ရ)နှင့် ပန်းသစ္စာ(ပုသိမ်ကြီး)တို့က ပန်းချီပညာရပ်များနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားသည်။ ယင်းနောက် အခြေခံပန်းချီ‌ရေး‌ဆွဲနည်း ပညာရပ်များ ဆက်လက်သင်ကြားသည်။

အဆိုပါ သင်တန်းကို မတ် ၅ ရက်မှ ၆ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ၂၈ ယောက် တက်ရောက်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)