မြောင်းမြမြို့၌ ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးပေး
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က ကျုံဝါးကျေးရွာ (၅)မိုင်နည်းပညာပေးစင်တာ၌ ကျင်းပပြုလုပ်သည်။