ကျိုင်းတုံတက္ကသိုလ်၌ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ Read more about ကျိုင်းတုံတက္ကသိုလ်၌ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ကျင်းပသည်။
SNR ရော်ဘာများ ထုတ်လုပ်ရောင်းချမှုအတွက် အခြေခံလိုအပ်ချက်များ သတ်မှတ်အသုံးချနိုင်ရေး ညှိနှိုင်းဆွေးနွေး Read more about SNR ရော်ဘာများ ထုတ်လုပ်ရောင်းချမှုအတွက် အခြေခံလိုအပ်ချက်များ သတ်မှတ်အသုံးချနိုင်ရေး ညှိနှိုင်းဆွေးနွေး ၂၀၃၀ ခုနှစ်တွင် Sustainable Natural Rubber (SNR) Guideline ဖြင့် ထုတ်လုပ်ထားသည့် ရော်ဘာဖြစ်မှသာ နိုင်ငံတကာရော်ဘာဈေးကွက်မှာ နိုင်ငံတကာပေါက်ဈေးဖြင့် ရောင်းချနိုင်မှာဖြစ်သည်။ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန်အတွက် မြန်မာ့သဘာဝရော်ဘာ ထုတ်လုပ်မှုကဏ္ဍမှာ SNR Guideline နှင့်အညီ ထုတ်လုပ်နိုင်ရန်လိုအပ်လျက်ရှိသည်။
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းဝန်ထမ်း စုစုပေါင်း(၃၇၄)ဦးတို့အတွက် တတိယအကြိမ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ Read more about ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/ အမှုထမ်းဝန်ထမ်း စုစုပေါင်း(၃၇၄)ဦးတို့အတွက် တတိယအကြိမ် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးလျက်ရှိရာ သြဂုတ် ၁၅ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်နေသော အရာထမ်း/အမှုထမ်းများအား ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပြင်ဦးလွင်မြို့တွင် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ Read more about ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ ပြင်ဦးလွင်မြို့တွင် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တန်ခူးခင်ကိုယ်ပိုင်ကျောင်းတို့ပူးပေါင်း၍
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း Read more about စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစား သောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ Read more about ဇမ္ဗူသီရိမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲပိုင်းက အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပခဲ့သည်။
ဇီးကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က-မြောက်လွှတ်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ Read more about ဇီးကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က-မြောက်လွှတ်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက နွားတဲကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က- မြောက်လွှတ်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထက်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ Read more about ငပုတောမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထက်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ထက်ဆင့်ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဟင်္သာတမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကျင်းပ Read more about ဟင်္သာတမြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကျင်းပ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ကနောင်စုရပ်ကွက်၊ ပြည်တော်သာလမ်းရှိ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကျန်စစ်သားအဆောင်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဟောပြောပွဲကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရေတာရှည်မြို့နယ်၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ Read more about ရေတာရှည်မြို့နယ်၌ အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။