ဒလ သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ဒလမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က ရခိုင်ချောင် (မြောက်)ကျေးရွာရှိ တောင်သူဒေါ်သက်သက်နွယ်၏ ကွင်းအမှတ်(၂၄၂)၊ ဦးပိုင်အမှတ် (၃၇/၃)၊ လယ်ယာမြေ(၅)ဧက ပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်နိုင်မိုးက ထွန်တုံးပိတ်ပွဲနှင့်ပတ်သက်၍ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ထို့နောက် စိုက်ပျိုးရေးဦစီးဌာနမှ ဝန်ထမ်းများက စပါးတွင်ကျရောက်သော ဖျက်ပိုးများအကြောင်းနှင့် စပါးတွင်ကျရောက်သော ရောဂါများအကြောင်း ပါရှိသည့်အသိပညာပေး လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ထွန်တုံးပိတ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစည်သူကျော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးအောင်နိုင်မိုး နှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်သစ် တောဦးစီးဌာန၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသည့် တောင်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
မြင့်ဇော်