မြောင်းမြမြို့၌ ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးပေး

မြောင်းမြ ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က ကျုံဝါးကျေးရွာ (၅)မိုင်နည်းပညာပေးစင်တာ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများမှ ကျေးရွာအုပ်စု (၉၈)အုပ်စုရှိ တောင်သူများအား ယူရီးယား ဓာတ်မြေသြဇာ(၂၈၀၀)အိတ် လက်ဝယ်အရောက် အသီးသီးဖြန့်ဖြူးပေးခဲ့သည်။

အဆိုပါအခမ်းအနားကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးထွန်း၊ မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှု‌ ကော်မတီဝင်များနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။  

ဝေဝေ(မြောင်းမြ)