ကျောက်မဲမြို့၊ အ.လ.က(၄)ကျောင်းတွင် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ကျောက်မဲ သြဂုတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်မဲမြို့နယ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အ.လ.က (၄) ကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲ ကျင်းပ‌ခဲ့‌သည်။

အဆိုပါ ဟောပြောပွဲသို့ အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစားဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက  စာဖတ်ခြင်း၏အကျိုးခေါင်းစဥ်ဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက်အားကစားဆိုင်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက်လာသော ကျောင်းသူ/ကျောင်းသားများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)