အင်္ဂပူမြို့နယ်၊ ကွင်းကောက်(အ.ထ.က) ကျောင်းတွင် လူငယ်နှင့်စကားဝိုင်းကျင်းပ

အင်္ဂပူ  ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက် (အ.ထ.က) ကျောင်းခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျောင်သား/သူများ  ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စဉ်းစားတွေးခေါ်မှုစွမ်းရည်မြင့်မားစေရန် ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  မြို့နယ်ဦးစီးအရာရှိ ဒေါ်သီသီရှိန်က   လူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားပြီး  လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ  ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ငုဝါစိုးတို့နှင့်အတူ  ကျောင်းသား၊ကျောင်းသူများမှ လူငယ်နှင့်ပညာရေး"၊ "လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဉ်ကျေးမှု"၊ "လူငယ်နှင့်စာပေ" ခေါင်းစဥ်များဖြင့်အသီးသီးဆွေးနွေးကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)