တောင်ဥက္ကလာပ ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံအေရိုးဗစ်အားကစား သင်တန်းဆင်းပွဲ အခမ်းအနားကို ဩဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၊ မွန်မြတ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်က အခြေခံအေရိုးဗစ်အားကစား သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းသူများ ကိုယ်စား သင်တန်းသူ(၂)ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးနှင့် လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးတို့က သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေကိုလည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်အား အမှတ်တရဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများက အေရိုးဗစ်အားကစားနည်း၊ Fitness Dance အားကစားနည်းများဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)