ဟင်္သာတ သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ တာငါးဆယ် တောင်ရပ်ကွက်ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ စာသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ဆရာကြီး ဒေါက်တာထွန်းမြတ်အောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စားသုံးရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟောပြောခြင်း၊ ဒုခရိုင်မှူး ဦးမောင်မောင်မြတ်ခိုင်မှ စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းမြတ်အောင်မှ အမှတ်တရလက်ဆောင်ပစ္စည်းများ ပြန်လည်းပေးအပ်ခြင်းနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဟောပြောပွဲသို့ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဆရာကြီး ဒေါက်တာ ထွန်းမြတ်အောင်၊ ဟင်္သာတခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်း၊ ဒုတိယခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးကျော်၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများစုစုပေါင်အင်အား (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်(ဟင်္သာတ)