စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသား ဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက မုံရွာပညာရေးဒီဂရီကောလိပ် ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာ/ဆရာမများ၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ၂၀၂၃-ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် သစ်အခြေခံပရိဘောဂသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်း‌ဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ခေတ်မီစံပြ‌ကျေးရွာရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်း သစ်အခြေခံပရိဘာဂသင်တန်းကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန်က အနောက်စုကြီးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပခဲ့သည်။

ပျော်ဘွယ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလားလူငယ်ဘောလီဘောပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

ပျော်ဘွယ်မြို့နယ်တွင် မျိုးဆက်သစ်ဘောလီဘောအားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား လူငယ်ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဩဂုတ်လ(၁၆)ရက်၊ ညနေ (၄)နာရီက မြို့နယ်အားကစားကွင်းတွင်ကျင်းပခဲ့ကြောင်းသိရသည်။

သရက်မြို့နယ်အတွင်း တိရစ္ဆာန်ကူးစက်ရောဂါများ အကြောင်း အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကူးစက်ရောဂါများအကြောင်း အသိပညာပေးဟောပြောခြင်းအခမ်းအနားကို ဩဂုတ်လ(၁၄)ရက် မွန်းလွဲ (၂) နာရီက သရက်မြို့နယ် မုဉ္ဇလီကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။

ကမာရွတ်မြို့နယ်၌ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယနေ့နံနက် (၁၀း၃၀)နာရီ၌ ကမာရွတ်မြို့နယ် အမှတ်(၁၀)ရပ်ကွက် ဦးဝိစာရလမ်း အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ သိင်္ဂီ​​ မြိုင်ခန်းမတွင် ပညာ​ရေးစီမံအုပ်ချုပ်မှုသင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ ပါသည်။

မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းက မုံရွာမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်တင်မိုး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊အမှုထမ်းများ၊ ခရိုင်မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

တကောင်း-အညာပုဂံမြို့ဟောင်း တောင်ဘက်ရှိ တူးဖော်မှုကုန်းအမှတ် TG-27 မြို့ဝင်ပေါက် တည်ဆောက်ထားရှိမှု ရှေးဟောင်းလက်ရာများအား လေ့လာကြည့်ရှုနိုင်ကြောင်း သိရ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အဝင် အဘိရာဇာလမ်းမပေါ်ရှိ သဲကျောက်ဆစ်မုခ်ဦးကြီးမှ အရှေ့ဘက်ကိုက် (၂၀၀)ခန့်အကွာတွင်တည်ရှိ သည့်တူးဖော်မှုကုန်းအမှတ် TG-27 မြို့ဝင်ပေါက်တည်ဆောက်ထားရှိမှု ရှေးဟောင်းလက်ရာများ အား ခရီးသွားပြည်သူများအနေဖြင့် လေ့လာကြည့်ရှုနိုင်ကြောင်း ရှေး‌ဟောင်းသုတေသနနှင့်် အမျိုးသားပြတိုက်ဦးစီးဌာန၊ တကောင်းဌာနခွဲမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ပူတာအိုမြို့၌ မြို့နယ်တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် တိုင်းခမ်းတီစာပေနှင့်ယဉ်ကျေးမှုကော်မတီကကြီးမှူး၍ ဒေသခံလူ ငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှုကို လျော့ကျလာစေပြီး အားကစားကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့်လူ ငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးပြီး ပူးပေါင်းဆောင်ရွက်လိုစိတ် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌဖလား မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၁၃)ရက် မွန်းလွဲ(၂)နာရီက ပူတာအိုခရိုင်ပြည်သူ့ အားကစား ကွင်း၌ကျင်းပသည်။

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက်(၁ဝ)နာရီက စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်   ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to