ညောင်လေးပင် ဩဂုတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် လူငယ်များအသိပညာဗဟုသုတပိုမိုတိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၁၅ ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ရွာသစ်-မူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်လှရီမှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီဝင်းမှ ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်အနာဂတ်ခေါင်းစဥ်များအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သုတ၊ ရသ၊ ဗဟုသုတရဖွယ်စာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်တစားလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်