မိုးမောက် သြဂုတ် ၁၃
ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်တို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သြဂုတ်လ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဟုန်းဘူက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းရခြင်းရည်ရွယ်ချက်နှင့် ကလေးသူငယ်များ၏ခံစားခွင့် ၊ လွတ်လပ်ခွင့် ၊ ရွေးချယ်ခွင့်များအကြောင်းကို အကျယ်တဝင့် အသိပညာပေးဟောပြောခြင်းနှင့် မြို့နယ်ပြန်/ဆက်ဦးစီမှူးဒေါ်လွန်းနန်းထွေးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဟောပြောပွဲ ဆောင်ရွက်ရခြင်းနှင့် ထိုသို့ဟောပြောပွဲမှ အသိပညာဗဟုသုတများရရှိစေရန်အတွက် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဟောပြောခဲ့ကြောင်းသိရှိရသည်။
မြို့နယ်ပြန်/ဆက်