ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကမ်းစပ်တစ်လျှောက်တွင် ဒီရေတောပင်များ စိုက်ပျိုး

မောင်တော ဩဂုတ် ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှ ကမ်းနားတစ်လျှောက် ဒီရေတောပင်များ ပိုမိုများပြားလာစေရန်  ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ ကမ်းစပ်အနီးတွင် ဒီရေတောအပင်များ သွားရောက် စိုက်ပျိုးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်သိန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးပေးခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ကြီးကြပ်၍  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်မြင့်သိန်း၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဟိန်းကျော်နိုင်နှင့် ဝန်ထမ်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် မြို့နယ်သစ်တောဦးစီးဌာနမှ  မြို့သစ်ချောင်း ၊ ငါးခူရချောင်း နှင့် စံကားပင်ရင်းကျေးရွာအုပ်စုအနီးရှိ ကမ်းနားတစ်လျှောက် ဒီရေတောများ ပိုမိုများပြားလာစေရန်၊ ဒီရေတောပင်များ ပိုမိုများပြားလာခြင်းကြောင့် ရေချိုရေငံ စပ်သတ္တဝါများဖြစ်သည့် ငါး၊ ပုစွန် အစရှိသည့် ရေနေသတ္တဝါများ၏ သားပေါက်ဖွားနေရာ ပိုမိုများပြားလာစေရန်၊ ဒီရေတော ဂေဟစနစ် ပိုမိုကောင်းမွန်လာစေရန်နှင့်  မုန်တိုင်းကြောင့် သက်ရောက်မည့် လေဒဏ်၊ လှိုင်းဒဏ်အား ပိုမို ကာကွယ်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်  ကမ်းနား တစ်လျှောက်တွင် သမဲ့ကြီး ၊ သမဲ့ကြက်တက် ၊ ကန့်ပလာ ၊ လမုပင် စုစုပေါင်း ၁၅၁၂၅ ပင်အား တာဝန်ရှိသူများက သွားရောက်စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)