ဇလွန် သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/ ကျောင်းသူများ ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများ၊ အဋ္ဌမတန်းသင်ရိုးဟောင်း တိုင်းစစ်စာမေးပွဲတွင် (A)အဆင့်ဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်အောင်သင်ကြားပြသပေးသော ဆရာ၊ ဆရာမများ ၊ ကျောင်းတွင်းစစ်စာမေးပွဲတွင် (A)အဆင့်ဖြင့် အောင်မြင်သော ကျောင်းသား ၊ ကျောင်းသူများ ၊ စာစီစာကုံး ၊ ပန်းချီ ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က(၁)ဇလွန် အမျိုးသားကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို အ.ထ.က(၁)ဇလွန် ကျောင်းသား၊ ကျောင်းသူလေးများက “ပညာရည်ချွန်ဆုချီးမြှင့်ပွဲ” သီချင်းသီဆို၍ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်း၊ မြို့နယ်ပညာရေးမှူးဆရာကြီးဦးဖုန်းဇော်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသော ကျောင်းသား/ ကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများ၊ အဋ္ဌမတန်းသင်ရိုးဟောင်း တိုင်းစစ်စာမေးပွဲတွင် (A)အဆင့်ဖြင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ထူးချွန်အောင်သင်ကြား ပြသပေးသော ဆရာ ၊ ဆရာမများ ၊ ကျောင်းတွင်းစစ်စာမေးပွဲတွင် (A)အဆင့်ဖြင့် အောင်မြင်သော ကျောင်းသား ၊ ကျောင်းသူများ ၊ စာစီစာကုံး ၊ ပန်းချီ ၊ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(၁)ဇလွန်ကျောင်းသား၊ ကျောင်းသူလေးများက “ပညာပန်းခင်း” သီချင်းသီဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ဝေယံ - ဇလွန် ( ပြန် / ဆက် )