ညောင်ဦး ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စာသင်တိုက်ကြီးများတွင် ဝါဆို၊ ဝါကပ်တော်မူကြသည့် သံဃာတော်၊ သီလရှင်(၁၁၁)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၊ ပြည်သူများ၏စုပေါင်းအားဖြင့် ပထမအကြိမ် ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲရေစက်ချမင်္ဂလာအခမ်းအနားကို ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဩဂုတ် ၁၂ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား ကြွရောက်လာသည့် သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့်ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ကာ ညောင်ဦးမြို့နယ် မဟာဝိသုတာရာမတိုက်သစ်၊ မြို့နယ်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုကြသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်ပြည်သူများမှ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီးနောက် မဟာဝိသုတာရာမတိုက်သစ်၊ မြို့နယ်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြပြီး ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆက်ကပ်လှူဒါန်းပွဲရေစက်ချမင်္ဂလာအခမ်းအနားအား ဗုဒ္ဓသာသနံစိရံတဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍အခမ်းအနားပြီးမြောက်ကြောင်းသိရသည်။ ဆက်လက်၍ဆရားတော်ကြီးများနှင့်သီလရှင်ဆရာကြီး၊ ဆရာလေးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း