ကျိုင်းတုံ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ဩဂုတ် ၁၂ ရက် နံနက် ၆ နာရီက အမှတ်(၁)ရပ်ကွက်ရှိ ရပ်တော်မူဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေနှင့် အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များတက်ရောက်ကြသည်။
ဆွမ်းလောင်လှူပွဲတွင် ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်များအမှ ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမဏေများ၊ သီလရှင်များ အား စုပေါင်းဆွမ်းလောင်လှူခဲ့ ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)