တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေး

တံတားဦး ဩဂုတ်  ၁၂

တံတားဦးခရိုင် တံတားဦးမြို့ ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ပူးပေါင်းပြီး ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းကို အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့မအခြေခံပညာအလယ်တန်းကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦး မြို့မကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ဆရာဝန် ဒေါက်တာသက်ထွန်းအောင်တို့က ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျန်းရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား သန်ချဆေးများကို တိုက်ကျွေးပေးကြကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)