သီပေါမြို့နယ်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့သော ပုလဲဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သော ပုလဲဓာတ်မြေဩဇာ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု မြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက လှည်းကူးမြို့နယ်၊ အခြခံပညာအထက်တန်းကျောင်း (ကျွန်းကလေး)၌ ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားတက်ရောက်

မကွေးတိုင်းဒေသကြီးအတွင်း ကျောင်းသား လူငယ်များအား အနာဂတ်တွင် စွမ်းရည်ပြည့်စုံသည့် နိုင်ငံသားကောင်းများဖြစ်လာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအထိမ်းအမှတ် အခမ်းအနားကို သြဂုတ်လ ၁၅ ရက် ဩဂုတ် ၁၅ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပန်းဟေဝန်ခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ဥပဒေချုပ် ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်၊ တိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဦးသက်လေးဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

တွံတေးမြို့နယ် ချောင်းမကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

နိုင်ငံ​၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ ကျပန်းစကားပြောပြိုင်ပွဲကို သြဂုတ် ၁၅ ရက်နေ့ နံနက်(၁၀)နာရီအချိန်က တွံတေးမြို့နယ် ချောင်းမကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းရှိခန်းမ၌ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အူကျွန်း‌ကျေးရွာတွင် အထွက်ကောင်းမျိုးစပါးဆင်းသုခ စိုက်ခင်းအတွင်း ပေါင်းလိုက်တမန်းနှိုးဓာတ်မြေဩဇာကြဲပက်ပွဲအခမ်းအနားအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာတွင် အထွက်ကောင်းမျိုးစပါး ဆင်းသုခစိုက်ခင်းအတွင်း ပေါင်းလိုက်တမန်းနှိုးဓာတ်မြေဩဇာ ကြဲပက်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာဖြန့်ဖြူးပေး

ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ရေးအတွက် တောင်သူများအား ဈေးနှုန်းသက်သာသော ယူရီးယားဓါတ်မြေဩဇာ ဖြန့်ဖြူးပေးအပ်ပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က ကျုံဝါးကျေးရွာ (၅)မိုင်နည်းပညာပေးစင်တာ၌ ကျင်းပပြုလုပ်သည်။

ရွှေကျင်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ခုတင်(၁၀၀) ဆေးရုံအုပ် ဒေါက်တာသိန်းနိုင်လင်း၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အခြေခံပညာကျောင်းတို့ ပူး‌ပေါင်း၍ ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပခြင်းကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်(၁၁)နာရီ အချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ 

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(ခွဲ)လ(၁၈)တွင် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အ.ထ.ကခွဲလ(၁၈) တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သည့် အနာဂတ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ နှင့် စာစီစာကုံးပြိုင်ပွဲကို သြဂုတ် ၁၅ ရက်နေ့ နံနက် (၉.၀၀) နာရီ က အ.ထ.ကခွဲလ(၁၈) တွင် ပြုလုပ်သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲအခမ်းအနားနှင့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင် ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့်ဆွေးနွေးပွဲ အခမ်းအနားနှင့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖြုးမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

ပဲခူးတိုင်း​ဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အာဟာရ ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို သြဂုတ် ၁၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to