မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြောက်ဥက္ကလာပ ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ လမ်းခရီးသွားလာရာတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အမှတ် () အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇာခြည်ထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့စု (၃၅) မှ ဒုရဲမှူးလှိုင်ဝင်းအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တဝင့် အသိပညာပေး  ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များက တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်‌ဝေပေးခဲ့ပြီး ဟောပြောပွဲသို့ ယာဉ်ထိန်းတပ်ဖွဲ့စု (၃၅) မှ ဒုရဲမှူးလှိုင်ဝင်းအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မြမြဝင်း (ပြန်/ဆက်)