လှည်းကူး ဩဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု မြို့နယ်အဆင့်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက လှည်းကူးမြို့နယ်၊ အခြခံပညာအထက်တန်းကျောင်း (ကျွန်းကလေး)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လှည်းကူးခရိုင်၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်တို့က အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးမြို့နယ် ကုသရေးဌာနမှူး ဒေါက်တာသောင်းဒန်ဦးက ကျောင်းကျန်းမာရေးလုပ်ငန်းစဥ်(၉)ရပ်အား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများတို့က အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)