ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အူကျွန်း‌ကျေးရွာတွင် အထွက်ကောင်းမျိုးစပါးဆင်းသုခ စိုက်ခင်းအတွင်း ပေါင်းလိုက်တမန်းနှိုးဓာတ်မြေဩဇာကြဲပက်ပွဲအခမ်းအနားအား ကြည့်ရှုအားပေး

ဝါးခယ်မ  ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာတွင် အထွက်ကောင်းမျိုးစပါး ဆင်းသုခစိုက်ခင်းအတွင်း ပေါင်းလိုက်တမန်းနှိုးဓာတ်မြေဩဇာ ကြဲပက်ပွဲအခမ်းအနားကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာအုပ်စု၊ တောကြီးကျေးရွာ၊ တောကြီးကွင်းအမှတ် (၁၀၁၅)ရှိ ဦးအောင်မျိုးသိုက်၏ မိုးစပါး(ဆင်းသုခ) (၃.၈၁)ဧကစိုက်ခင်းအတွင်း မြို့နယ်စိုက်ပျိုးရေးဦးစီမှူး ဦးကျော်သိန်းထွန်းနှင့် ၎င်းဝန်ထမ်းများ၊ တောင်သူများက ပေါင်းလိုက်ခြင်း၊ တမန်းနှိုးခြင်းနှင့် ဓါတ်မြေဩဇာကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)