လပွတ္တာမြို့နယ်အတွင်းရှိ  သဘာဝမြစ်၊ ချောင်း၊ ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်

 လပွတ္တာ သြဂုတ်၂၅

ငါးသယံဇာတများ ပေါများစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်လာစေရေးနှင့် ပြည်သူများ ငါးရိက္ခာဖူလုံစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာန၏ ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သဘာဝမြစ်ချောင်း ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယမန်နေ့ညပိုင်းက လပွတ္တာ-မြောင်းမြကားလမ်းဘေးရှိလေးအိမ်တန်းတမံချောင်းတွင်ကျင်းပပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မျိုးညွန့်နှင့်အဖွဲ့ဝင်များ၊ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူးဦးထွန်းဝင်းအောင်နှင့်ဝန်ထမ်းများ၊ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ခရိုင်နှင့်မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌနှင့်အဖွဲ့ဝင်များတက်ရောက်ကြပြီး ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ၈၀ဝ၀ဝ၊ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ၅၀၀၀၀ကို လပွတ္တာ-မြောင်းမြကားလမ်းဘေး လေးအိမ်တန်းတမံချောင်းသဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)