မူဆယ်ခရိုင်၊မုံးကိုးမြို့တွင်နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၃ခုနှစ်အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲအပိတ်ပွဲကျင်းပ

မုံးကိုး ဩဂုတ် ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၊မုံးကိုးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ၂၀၂၃ ခုနှစ်၊ အုပ်ချုပ်ရေးမှူးဖလား ဘောလုံးပြိုင်ပွဲကို ဩဂုတ်လ(၇)ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ဩဂုတ်လ ၂၄ ရက်နေ့ နေ့လယ် (၃:၀၀) နာရီအချိန်က အပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ 

မူဆယ်ခရိုင်၊မုံးကိုးမြို့တွင်ရပ်ကွက်ပေါင်း (၇)ရပ်ကွက်ရှိပြီး ယခုနှစ်၂၀၂၃ခုနှစ်တွင်အုပ်ချုပ်ရေးမှူး ဖလားဘောလုံးပြိုင်ပွဲကို မုံးကိုးမြို့အတွင်းရှိ ဌာနဆိုင်ရာအသင်း၊ တအောင်းလူငယ် အသင်း၊ မုံးကိုးဖောင်းဆိုင် ပြည်သူ့စစ်အသင်း၊ အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်အသင်း၊ ကွတ်ခိုင်ပြည်သူ့စစ်အသင်း၊ MJH-CBEUnity FCအသင်း၊ ရပ်ကွက် (၇) အသင်း၊ ခါဆန်းအသင်း၊ ရပ်ကွက် (၄) အသင်း၊ ရပ်ကွက် (၆) အသင်းစုစုပေါင်း (၁၀) သင်း နှင့်ပြိုင်ပွဲဝင်ကစားခဲ့ကြရာ အကောင်းဆုံးအရှေ့တန်းဆုကို ရပ်ကွက် (၆) မှနံပတ် (၁၀) ကိုမြို့မိမြို့ဖဖြစ်သောဦး ဇော်ခွန်မှလည်းကောင်း၊ အကောင်းဆုံးအလယ်တန်းဆုရပ်ကွပ် (၇) နံပါတ် (၆) ကို ဦးဇော်လှမှလည်းကောင်း၊ အကောင်းဆုံးအနောက်တန်းဆုတပ်မ (၉၉) နံပတ် (၁၄) ကိုတရုတ်ယဉ်ကျေးမှုအဖွဲ့ ဦးကျိန်ကျားရှင်းမှလည်းကောင်း၊ ဂိုးသွင်းအများဆုံးဆုရပ်ကွက် (၆) နံပတ် (၁၀) ကိုလီဆူယဉ်ကျေးမှုအဖွဲ့ဦးဇီယောဟန်မှလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုရပ်ကွက် (၆) အသင်းဂိုးသမားကို ကွတ်ခိုင်ပြည်သူ့စစ် ဦးယိမ်းကျန်းမှလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုရပ်ကွက် (၆) နံပတ် (၇) ကိုမုံးပေါ်ပြည်သူ့စစ်ဦးခွန်မြတ်မှ လည်းကောင်း၊ အသန့် ရှင်းဆုံးဆုကို UnityF.C အသင်းကို မုံးကိုးပြည်သူ့စစ်ဦးဂျော်မွန်းမှလည်းကောင်း၊ တတိယဆုတပ်မ (၉၉) အသင်းကို ဦးဒီဒီနောင်လတ်မှလည်းကောင်း၊ ဒုတိယဆုရပ်ကွက် (၇) အသင်းကို မြို့အုပ်ချုပ်ရေး ဦးလျံရှင်းမုံမှလည်းကောင်း၊ ပထမဆုအုပ်ချုပ်ရေးမှူးဖလားရပ်ကွက်(၆)အသင်းကို အမှတ် (၉၉) ခြေလျင်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးမှလည်းကောင်း ဆုအသီးသီးကိုချီးမြှင့်ခဲ့ကြပါသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့်မြို့သူမြို့သား များလာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ မုံးကိုးမြို့အုပ်ချုပ်ရေးမှူးဖလားဘောလုံး ပြိုင်ပွဲအပိတ်ပွဲအခမ်း အနားကိုမီးရှူးမီးပန်းများဖြင့် အေးချမ်းပြီးစီးစွာ ကျင်းပခဲ့ကြောင်းသိရှိရပါသည်။

မေစံပယ်ဖူး (မုံးကိုး)