ပေါက်တောမြို့နယ် ပြွန်တိုကျေးရွာ၌ နွေရာသီ ရေရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်ရန် ရေကန်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိ

ပေါက်တော ဩဂုတ် ၂၆

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၁ ဒသမ ၈၂၅ သန်း ဖြင့် ကျေးလက်ရေရရှိရေးအတွက် ရေကန်တူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့်ဝန်ထမ်းများက ယမန်နေ‌ နံနက်ပိုင်းက ပြွန်တို ကျေးရွာ၌ ရေကန်တူးဖော်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိသူများကို လုပ်ငန်းများအချိန်မီပြီးစီးရေး သတ်မှတ်အတိုင်းအတာပြည့်မီရေး စသည်တို့ကိုပြောကြားပြီး ကျေးရွာလူထုများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်းသိရသည်။

အဆိုပါ ပြွန်တိုကျေးရွာတွင် ယခင်​မြေသားကန် လေး ကန်ရှိပြီး ယခု အသစ်တူးဖော်သည့် ရေကန်ပြီးစီးပါက ကျေးရွာအိမ်ခြေ ၁၅၅ အိမ်၊ လူဦးရေ ၈၀၁ ဦး အကျိုးပြုနိုင်မည်ဖြစ်ကာ နွေရာသရေရှားပါးမှု အခက်အခဲများကိုကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ မြေသားရေကန်မှာ (၁၀၀'x၁၀၀'x၆') တူးဖော်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်း လုပ်ငန်းမှာ ၆၀ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)