ကော့သောင်းမြို့တွင် "မိသားစုဝင်ငွေတိုးရေးစီမံကိန်း" အခြေခံနှင့်မွမ်းမံ သံဂေဟဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားပြုလုပ်

ကော့သောင်း  ဩဂုတ် ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း (ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး) အခြေခံနှင့်မွမ်းမံ သံဂေဟဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုးကျေးရွာ၊ ဗုဒ္ဓါနုဿတိပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့နံနက် (၁၀)နာရီခန့်က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးစိုးထက်အောင်မှ  အဖွင့်အမှာစကားပြောကြား၍ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းနှင့်ပတ်သက်သည့်ကိစ္စရပ်များ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇော်လတ်မှ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့ခေါင်းဆောင်ဦးရဲဝင်းသန်းထံ စီမံကိန်းပေးအပ်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသောတာဝန်ရှိသူများနှင့် ကော်မတီအဖွဲ့ဝင်များ၊ နည်းပြများနှင့် သင်တန်းသားများစုပေါင်း၍ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြသည်။ အဆိုပါ အခြေခံနှင့်မွမ်းမံ သံဂဟေဆက်သင်တန်းတွင် သင်တန်းသား(၁၀)ဦးအား နည်းပြများဖြင့် သင်တန်းကာလ (၄၅)ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)