မာန်အောင် သြဂုတ် ၂၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ယမန် နေ့မွန်းလွဲ ၁ နာရီအချိန်က ဘူးရေမျက်ကျေးရွာအုပ်စု၊ ဘူးရေမျက် အ-လ-က(ခွဲ)တွင် အခြေပြုလျက် ကျေးလက်နေပြည်သူများအား(အခမဲ့) ဆေးကုသပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦးက ကျေးလက်နေ ပြည်သူများအား တိုင်းရင်းဆေးနှင့်ပတ်သက်၍အသိပညာပေး ဟောပြောခဲ့ပြီး ကျေးလက်နေ ပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဒူးနာ၊ ခါးနာ၊ ချောင်းဆိုး၊ လေထိုး၊ လေအောင့်၊ အကြောတက်၊ ကိုက်ခဲ၊ သွေးတိုး၊ ဆီးချို၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံနာ၊ ကျဥ်နာ၊ အဆစ်ရောင်စသည့် ရောဂါခံစား နေရသူ ကျေးလက်နေပြည်သူ ၅၅ ဦးအား စားဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများပေးခြင်းဖြင့်(အခမဲ့)ဆေး ကုသပေးခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)