စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

စဉ့်ကိုင် သြဂုတ် ၂၈

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၉)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းနှင့် ပူးပေါင်း၍  စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ " အနာဂတ်ကိုမျှော်တွေးပါ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိ စေရန်  စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတ ရင့်သန် တိုးပွားလာစေရန်  ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း    ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး   ဦးအေးကို(၀င်းမောင်မောင်ပန်းလောင်လွင်ပြင်) က စာရေးဆရာ နတ်သျှင် ( ရွှေဂူ )  ၏ အနာဂတ်ကို  မျှော်တွေးပါ ခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခဲ့ပြီး၊  စာရေးဆရာ ဒေါ်နီနီ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ  "  စံပြလူသားဖြစ်ဖို့ လိုပြီ "ခေါင်းစဉ်ဖြင့်  ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း ဒေါ်ခင်ဆန်း စာပေချစ်သူများအဖွဲ့မှ "မိသားစုပရဟိတ "ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး၊ စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်မိုးမိုး၊ ဦးအောင်ဆန်းတို့က စာအုပ်ပါ အခန်းကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါ အခန်းကဏ္ဍများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၀င်း၀င်းသန်း(ပြန်/ဆက်)