စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်​ထောင်စု(၇၂၀)အား (၅)ကြိမ်မြောက် ​စျေးနှုန်းချိုသာစွာ ရောင်းချပေး

စလင်း စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး, မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများ စားဝတ်နေရေး  အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ဆန်ကုန်သည်များအသင်း  စလင်းမြို့ ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်အချိန်မှစတင်ကာ (၅)ကြိမ်မြောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း  မကွေးတိုင်းဒေသကြီး  ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းနိုင်  ဦးဆောင်သော ဆန်စက်လုပ်ငန်းရှင် ဦးခင်မောင်ဌေး၊ ဦးတင်ငွေ၊ ဦးဝင်းစိုး၊ ဦးဇော်မင်းနှင့် ဆန်စက် လုပ်ငန်းရှင်များ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆန်းလင်းမောင်တို့မှဦးဆောင်၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် ကာလပေါက်စျေး၏  ထက်ဝက်လျှော့ချ၍ စျေးနှုန်းချိုသာစွာဖြင့် ဆန်တစ်ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၇၂၀)စာအတွက် ဆန်အိတ်ရေ (၂၄)ပြည်ပါ အိတ်(၃၀)အား  စုပေါင်းရောင်းချလျက်ရှိကြောင်း  သိရသည်။

အဆိုပါ ရောင်းချရာသို့ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးသန်းနိုင် ဦးဆောင်သော ဆန်စက်လုပ်ငန်းရှင်များမှ  ပြည်သူအများ ဝယ်ယူမှုကို အားပါးတရ ဝမ်းပမ်းသသာ ကြည့်ရှုခဲ့ကြပြီး စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏  ကူညီမှုဖြင့်ရောင်းချပေးခဲ့ကြပြီး   ပြည်သူတို့၏  လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေကြောင်းနှင့် တန်ဖိုးသင့်ဆန်များကို  အပတ်စဥ် ရောင်းချပေးမည်ဖြစ်ကြောင်း  ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးသန်းနိုင်ထံမှ သိရှိရသည်။

(မောင်လွင်) စလင်း