ပုဏ္ဏားကျွန်းမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV အကြောင်း အသိပေး ဆွေးနွေးပွဲကျင်းပ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး HPV ထိုးနှံခြင်း မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကိုယမန်နေ့၊ မွန်းလွဲ ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။