ဟင်္သာတခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေဝင်ဒေသများရှိ တိရိစ္ဆာန်များ အတွက် ဖြည့်စွက် အစာအိတ်များ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် ရေဝင်ဒေသများရှိ တိရစ္ဆာန်မွေးမြူသူတောင်သူများအား တိရစ္ဆာန်အစာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ၁၃ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်က ဟင်္သာတမြို့နယ် အိပ်ပျက်ကျေးရွာ အုပ်စု၊ အုန်းတောကျေးရွာရှိ အုန်းတောဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့နယ်၌၊ စစ်ဘေးရှောင် အိမ်ထောင်စု (၃၄) စုအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့ညနေ (၄) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်၊၊

မုံရွာမြို့ကွေ့ကြီးနှင့် မြို့သစ်ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ မုံရွာမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် မုံရွာမြို့၌ ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စက်တင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက မုံရွာမြို့ ကွေ့ကြီးနှင့်မြို့သစ် ရပ်ကွက်များတွင် စစ်ကိုင်းတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း စားသုံးဆီလက်လီအရောင်းဈေးကားဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အင်္ဂပူမြို့တွင်အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်‌ အောက် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း (မြို့နယ်အဆင့်)လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ် အောက်မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံခြင်း လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ‌ရေး ဦးစီးဌာန၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ အကူသူနာပြု(ပြင်ပ) ကိုးလသင်တန်း ပထမအသုတ် သင်တန်းဆင်းပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အကူသူနာပြု (ပြင်ပ) ကိုးလသင်တန်း ပထမအသုတ် သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၃) ရက် နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို သက်သာဈေး အရောင်းဆိုင်ဖွင့်လှစ်ရောင်းချ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ယနေ့ နံနက်(၇)နာရီတွင် ဈေးကုန်းရပ်ကွက် စည်ပင်သာယာဈေးအနီး၌ သက်သာသော ဈေးနှုန်းဖြင့် သက်သာဈေးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  အသိပညာပေး ဟောပြောပွဲနှင့် ဆု ပေးပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြော ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာအထက်တန်း  (မြို့မ) ကျောင်း၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

ဒေးဒရဲမြို့နယ်၌ ရဟန်း၊ သံဃာတော်၊ သီလရှင်များအား ဝါတွင်းကာလ အရုဏ်ဆွမ်းဆပ်ကပ်လောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းတိုက်များရှိ သာသနာ့နွယ်ဝင် ရဟန်း၊ သံဃာတော်၊ သီလရှင်များ ဆွမ်း၊ ဆွမ်းဟင်းများ ပြည့်စုံမျှတ စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ဝါတွင်းကာလ လပြည့်၊ လကွယ် ဥပုသ်နေ့တိုင်း အရုဏ်ဆွမ်း ဆပ်ကပ်လောင်းလှူခြင်းကို ယနေ့ နံနက် (၄) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စုပေါင်းလောင်းလှူခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့တွင် အသက်(၉)နှစ်မှ (၁၂)နှစ်မကျော်သော မိန်းကလေး များအား စက်တင်ဘာလ(၁၈) ရက်နေ့မှ(၂၉)ရက်နေ့အထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း၊ (၁၆)ရက်နေ့မှ(၂၇)ရက်နေ့အထိ ပြည်သူလူထုအခြေပြုအစီအစဉ်ဖြင့် လည်းကောင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့၊ နံနက်(၁၀)နာရီအချိန်က ယင်းမာပင်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ဟင်္သာတမြို့နယ်၌ မိုးရာသီ ဘတ်စကက်‌ဘော အမျိုးသား၊ အမျိုးသမီး သင်တန်းဆင်းပွဲနှင့် ပြိုင်ပွဲဆု‌ ပေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပါင်းဖွင့်လှစ်ခဲ့သော မိုးရာသီ ဘတ်စကက်‌ဘော အမျိုးသား၊ အမျိုးသမီး သင်တန်းဆင်းနှင့် ပြိုင်ပွဲဆု‌ပေးပွဲအခမ်းအနားကို ယမန်နေ့ နေလယ် ၁ နာရီ အချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပခဲ့သည်။
Subscribe to