အောင်လံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူငယ်များဗလငါးတန်နှင့်ပြည်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ ၌ ကျင်းပခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး ပြည်သူများအား ဈေးနှုန်းသက်သာစွာဖြင့် စားသုံးဆီများရောင်းချပေးလျက်ရှိ

ကယားပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကယားပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး လွိုင်ကော်မြို့နယ်တွင် ပြည်သူများအား စားသုံးဆီးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျှက်ရှိသည်။

ပူတာအိုမြို့၌ ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို စက်တင်ဘာ(၁၅)ရက် နံနက် (၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

ချောက်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင် ဆာကာကွယ်ဆေး(HPV Vaccine)ထိုးနှံခြင်းလုပ်ငန်း အသိပေးရှင်းလင်းခြင်းကို ယမန်​နေ့နံနက်(၉)နာရီအချိန်က ပြည်သူဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဝါးခယ်မမြို့နယ်အတွင်း ဆန်စက်ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား ဆန်(၁)ပြည်နှုန်း အခမဲ့ထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအချိန်က ထော်ကနွတ်ရပ်ကွက်၊ အောင်သိဒ္ဓိဆန်စက်တွင် ဆန်စက်ဝန်ထမ်းများနှင့် အခြေခံလူတန်းစားများအား ဆန်(၁)ပြည်နှုန်းအခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့နံနက်ပိုင်းမှစ၍ စစ်တွေမြို့ပေါ်ရှိ မြို့မဈေးကြီး၊ နာဇီဈေး၊ ရွှေပြားဈေး၊ မောလိပ်ရပ်ကွက် ဘကျော်ခွဆုံ၊ ရွာကြီးတောင်ရပ်ကွက်နှင့် ရွာကြီးမြောက် ရပ်ကွက်နေရာများတွင်စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ သည်။

ဆီဆိုင်မြို့နယ်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့်ဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲက နားခိုက်ကျေးရွာအုပ်စု၊ ထမ့်ယမ်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေစကြိုမြို့နယ်တွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

ရေစကြိုမြို့နယ်တွင် လူကုန်ကူးမှုအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ ရေစကြို စက်တင်ဘာ ၁၃ မျိုးမြင့်အောင်

ဘုတ်ပြင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ အသိပညာပေးဟောပြောပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က အ.ထ.က-ဘုတ်ပြင်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to