ပွင့်ဖြူမြို့နယ်၌ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန် စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၅၅၀ ဖြင့် ဖြန့်ဖြူးရောင်းချ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီ ဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့နှင့် ပူးပေါင်းကာ စက်တင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၅၅၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။