ကျောက်ဖြူ ဇွန် ၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင် ဖွင့်လှစ်လျက်ရှိရာ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများမှာ အေးချမ်းပျော်ရွှင်စွာဖြင့် တက်ရောက်သင်ယူလျက်ရှိသည်။
ကျောက်ဖြူမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတို့တွင် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံထားရှိပြီးဖြစ်ရာ ယနေ့တွင် မူလတန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၂,၄၉၆ ဦး၊ အလယ်တန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၁,၅၆၃ ဦးနှင့် အထက်တန်းအဆင့်၌ ကျောင်းသား၊ ကျောင်းသူ ၁,၀၄၅ ဦး စုစုပေါင်း ၄,၇၂၉ ဦးတို့မှာ သက်ဆိုင်ရာ ကျောင်းအသီးသီးတို့တွင် ပျော်ရွှင်စွာဖြင့် တက်ရောက်သင်ယူလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း