ဥတ္တရသီရိ ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ခြေခံပညာကျောင်းများ ယနေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစတင်တက်ရောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ဖတ်စာအုပ်၊ ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် အခြခံပညာအထက်တန်းကျောင်းခုနှစ်ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကိုးကျောင်း၊ အလယ်တန်းကျောင်းခြောက်ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)သုံးကျောင်း၊ မူလတန်း(လွန်)ကျောင်းလေးကျောင်း၊ မူလတန်းကျောင်း ၁၉ ကျောင်း၊ စုစုပေါင်း ၄၈ ကျောင်း စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)