ဝမ်းတွင်း ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဇွန်လ (၃) ရက်နေ့မှ စတင်ကာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူလျက်ရှိကြသည်။
ဝမ်းတွင်းမြို့နယ်၌ “ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်နှံခြင်းများကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်တွင် ယနေ့ ဇွန်လ (၃) ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ ပညာသင်ယူလျက်ရှိသည်။ ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း (၁၇၉) ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း (၂) ကျောင်း၊ စုစုပေါင်း (၁၈၁) ကျောင်းဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုရဲ(ဝမ်းတွင်း)