ချောက် ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဖွင့်လှစ်နေပြီဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်လျက်ရှိသည်။
အဆိုပါအခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းကျောင်းများ စတင်ဖွင့်လှစ်နေမှုအား မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက အခြေခံပညာကျောင်းများကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ချောက်မြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၂၀၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း(၅)ရှိပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၂၃၈၀)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ သက်ဆိုင်ရာအတန်းအလိုက် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် စာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)